🔥 Vivo Pad 6 Pro: Tablet လောကကို ကိုင်လှုပ်မယ့် Beast ကြီး ထွက်ရှိလာပြီ!
News

🔥 Vivo Pad 6 Pro: Tablet လောကကို ကိုင်လှုပ်မယ့် Beast ကြီး ထွက်ရှိလာပြီ!

Zest Mobile Shop31 March 202668 views

Share this post

Vivo ကနေ သူတို့ရဲ့ Flagship Tablet အသစ်စက်စက် Vivo Pad 6 Pro ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ ဒီ Tablet က Specs ပိုင်းမှာ ပြောစရာမလိုအောင်ကို ကြမ်းလွန်းလှပါတယ်။

📺 မျက်နှာပြင် (Display)

13.2-inch 4K (144Hz) Display ကို သုံးထားပြီး 3:2 Ratio နဲ့မို့ စာဖတ်တာ၊ အလုပ်လုပ်တာတွေအတွက် အရမ်းအဆင်ပြေပါတယ်။ Touch Sampling Rate ကလည်း 540Hz အထိ ပါတာမို့ ဂိမ်းဆော့ရင်လည်း လက်နဲ့ Screen နဲ့ တစ်ထပ်တည်း ကျနေမှာပါ။

🚀 စွမ်းဆောင်ရည် (Performance)

အကြမ်းဆုံး Chipset ဖြစ်တဲ့ Snapdragon 8 Elite Gen 5 (3nm) ကို သုံးထားပါတယ်။ ဒါ့အပြင် အပူချိန်ကို ထိန်းညှိဖို့ VC Cooling System အကြီးစားကြီးလည်း ပါဝင်ပါသေးတယ်။ OS ပိုင်းမှာတော့ OriginOS 6 နဲ့ ဖြစ်ပြီး Multitasking အတွက် အထူး Optimized လုပ်ထားပါတယ်။

🔋 ဘက်ထရီနဲ့ အားသွင်းစနစ်

ဘက်ထရီကတော့ 13,000mAh တောင်ပါဝင်လို့ တစ်နေကုန် အေးဆေးသုံးလို့ရမှာဖြစ်ပြီး 66W Fast Charging နဲ့ အားပြန်သွင်းနိုင်မှာပါ။

🔊 အသံစနစ် (Audio)

Speaker ပေါင်း ၈ လုံး ပါဝင်တဲ့ Panoramic System ကို သုံးထားလို့ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ရင် အသံက ပတ်လည်ထွက်နေမှာပါ။


📝 Vivo Pad 6 Pro Specifications အကျဉ်းချုပ်:

  • Chipset: Snapdragon 8 Elite Gen 5 (3nm)

  • Display: 13.2" 4K LCD (144Hz)

  • RAM/Storage: Up to 16GB LPDDR5X / 512GB UFS 4.1

  • Battery: 13,000mAh (66W Fast Charge)

  • Camera: 13MP Rear / 8MP Front

  • Connectivity: Wi-Fi 6E, Bluetooth 5.4, USB 3.2 Gen 1

💰 ဈေးနှုန်းခန့်မှန်းခြေ (China Pricing):

  • 8GB + 256GB — ~ $660

  • 12GB + 256GB — ~ $735

  • 12GB + 512GB — ~ $855

  • 16GB + 512GB — ~ $985

ဒီ Vivo Pad 6 Pro နဲ့အတူ Vivo ကနေ X300s နဲ့ X300 Ultra ဖုန်းတွေကိုပါ တစ်ခါတည်း မိတ်ဆက်သွားခဲ့ပါတယ်။ Tablet အကြမ်းစားမှ သုံးချင်သူတွေအတွက်တော့ Pad 6 Pro က ရှောင်လို့မရတဲ့ Choice တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ!

#VivoPad6Pro #Vivo #FlagshipTablet #TechNews #ZestMobileShop #ZestVlog

ZEST FOOD SQUARE

Share this post

React to this article

Comments

No comments yet. Be the first!

Leave a Comment

Comments are reviewed before publishing.

0/2000